တာလီစိန်ရွှေရတနာ(တာမွေဆိုင်)ကို 1997ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး စိန်ထည်များကို စိန်စစ်မစစ်၊ စျေးတန်မတန် အစစ်ခံကြောင်းဘောင်ချာထဲတွင် တရားဝင် ရိုက်နှိပ်ပြီး အာမခံချက်ဖြင့် နှစ်ပေါင်း၂၄နှစ်ကြာ ရောင်းချနေသော မြန်မာပြည်၏ တခုထဲသော တာလီစိန်တိုက်ပါ။

တာလီစိန်ရွှေရတနာ(တာမွေဆိုင်)ဟာ 2010ခုနှစ်ကစပြီး GIA Certificate ပါ ဆိုဒ်စုံ၊ ကာလာစုံ ရတီကိုက်စိန်အပွင့်ကြီး အမြောက်အများကို မြန်မာနိုင်ငံမှာ အစောဆုံး မိတ်ဆက်ရောင်းချပေးခဲ့တဲ့ စိန်ဆိုင်ဖြစ်ပါတယ်။

လက်ရှိမှာလဲ GIA Certificate ပါတဲ့ Colourစုံ (D – M Colour), သန့်စင်မှုအစုံ (IF- SI 2), အရွယ်အစားစုံ (ငါးလုံးစီးမှ ခြောက်ရတီ),Cutting အစုံ (Round, Radiant, Cushion, Heart, Emerald, Marquise, Oval, Princess, Pear, Asscher) စတဲ့ရတီကိုက်စိန်ပွင့်မျိုးစုံကို မြန်မာတစ်နိုင်ငံလုံးမှာ အပွင့်ရာချီထောင်ချီ ရွေးချယ်စရာ Instock အများဆုံးထားရှိရောင်းချပေးနေတဲ့ တစ်ခုတည်းသောနေရာ ဖြစ်ပါတယ်ရှင့်။ နိုင်ငံခြားက Cele များဝတ်သလို အများနဲ့မတူတဲ့ GIA Certificate ပါတဲ့ Diamond Shape မျိုးစုံ၊ Colour Diamond Design မျိုးစုံကိုလဲ လာရောက်လေ့လာအားပေးကြပါအုံးရှင့်။

2000ခုနှစ်မှာ အခြားစိန်ဆိုင်များက စိန်ထည်အလဲ၊ အရောင်းကို ဘောင်ချာဈေးရဲ့ 25% 35% နှုတ်နေတဲ့အချိန်မှာ တာလီစိန်ရွှေရတနာဆိုင်က စိန်ထည် အလဲ အရောင်းကို (အလျော့တွက်မနှုတ်ဘဲ) ကာလတန်ဖိုးရဲ့ 5% 10% ပဲရှုံးမယ်ဆိုတဲ့ အာမခံချက်ဖြင့် မြန်မာပြည်မှာ (လွန်ခဲ့တဲ့အနှစ်20ကျော်ကတည်းက) ပထမဦးဆုံးပေးခဲ့တဲ့ စိန်ဆိုင်ပါရှင်။

2004ခုနှစ်မှာတော့ ဤဆိုင်မှ ဝယ်သွားတဲ့စိန်ထည်မှန်သမျှကို နားလည်တတ်ကျွမ်းသူအားပြသကြည့်ပြီး ပစ္စည်းမမှန် ဈေးမတန်လျှင် (၃)ရက်အတွင်း တပြားတချပ်မှမနှုတ်ဘဲ ငွေပြန်အမ်းပေးပါမည်ဆိုတဲ့ အာမခံချက်အပြင် 2016ခုနှစ်မှစပြီး ငွေမရှင်းခင်ကတည်းကိုက စိတ်ရှင်းချင်သူ Customer များအတွက် စိန်ထည်ပစ္စည်းများကို ကြီးကြီး သေးသေး မဝယ်ခင် အရင်ဆုံးသွားစစ်ကြည့်ပြီး ပစ္စည်းမှန်ဈေးတန်မှ ငွေချေပါဆိုတဲ့ မည်သည့်ဆိုင်မှမပေးတဲ့အာမခံချက်ကို ပါးစပ်ဖျားနှင့် အာမခံတာမဟုတ်ဘဲ ဘောင်ချာမှာရော Online မှာပါ ယနေ့အထိတရားဝင် ထည့်သွင်းရေးသား ရိုက်နှိပ်ကြော်ငြာပြီးအမှန်အကန် ရောင်းချခဲ့တာဟာလည်း မြန်မာနိုင်ငံမှာ ပထမဦးဆုံးစိန်တိုက်ဖြစ်ပါတယ်။

ရိုးရိုးစိန်အပွင့်သေး အထည်တွေဆိုရင်လဲ ဆိုင်မှာ DEF Colour မှစပြီး IJ Colour ထိ အစုံရှိတဲ့အတွက်ပစ္စည်းတိုင်း Colour နဲ့ သန့်စင်မှုကို အမှန်အတိုင်း မှန်မှန်ကန်ကန် ပြောရောင်းပါတယ်။ ပစ္စည်းတိုင်း DEF Colour လို့ပြောမရောင်းပါဘူးရှင်။

စိန်ချစ်သူများကို ပြောပြချင်တာကတော့ ဘယ်မှာပဲဝယ်ဝယ် ဝယ်တဲ့အချိန်မှာ အဆင်ပြေ စိတ်ကျေနပ်မှုရရှိနေယုံနဲ့ မပြီးပါဘူးရှင်။ရေရှည်အာမခံချက် မှန်ကန် ကောင်းမွန် စိတ်ချရဖို့ အကြောင်းအမျိုးမျိုးကြောင့် ပစ္စည်းပြန်ရောင်း/ပြန်လဲတဲ့အခါ ကိုယ်ဝယ်ယူထားတဲ့ စိန်ထည်ပစ္စည်း ကာလပေါက်ဈေးပြန်ရပြီး တန်ဖိုးဘယ်လောက်များများ ချက်ချင်းလက်ငင်း ငွေသားလက်ဝယ်ရရှိ အဆင်ပြေဖို့ကပိုအရေးကြီးပါတယ်။

ဒါကြောင့် စိန်ဝယ်တော့မယ် ဆုံးဖြတ်ထားပြီးရင် ဝယ်စဉ်အခါလည်း ဈေးမှန်ပစ္စည်းမှန်ပြီးရေရှည် ပြန်ရောင်း/ပြန်လဲ အာမခံချက် ကောင်းကောင်းနဲ့ နောင်ရေး စိတ်အေးရမဲ့ တာလီစိန်ရွှေ.(တာမွေဆိုင်)ကို လာရောက် ဝယ်ယူအားပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်ရှင်…

What People Say About Us?